ကျွန်တော် သိသော အသိပညာ နည်းပညာများ မျှဝေခြင်းဖြစ်ပါသည်.....

Showing posts with label software. Show all posts
Showing posts with label software. Show all posts

Sunday, April 8, 2012

Sudoku ကို လွယ်ကူစွာအဖြေရှာမယ် [ sudoku slover]

Sudoku ကို လွယ်ကူစွာအဖြေရှာမယ် [ sudoku slover]
Size : 9KB



Sudoku ကို လွယ်လွယ်ကူကူနဲ့ အဖြေရှာပေးမဲ့ software လေးပါ။ဒီဟာလေး မရှိခင်ကတော့ အင်တာနက်ဂျာနယ်က soduku puzzle ကို မနည်းအဖြေရှာရတယ်၊ခေါင်းတွေကုတ် စာရွက်ကို မျက်လုံးအပြူးသားနဲ့ ကြည့်နေလိုက်တာ သူငယ်ချင်းတွေဆို ကျွန်တော် အဖြေထုတ်နေရင်းရူး သွားပြီလို့တောင်ထင်တြတာ၊အခုတော့ ၂စက္ကန့်တောင်မကြာဘဲ အဖြေထုတ်နိုင်ပါပြီ သားသားစွမ်းလို့မဟုတ်ပါဘူး ဒီဆော့လ်ဝဲလ်လေးစွမ်းလို့ပါ..ဟီး ဟီး၊ ကဲ စွမ်းလေးကိုဒေါင်းလိုက်ကြစို့

Ultra ISO virtual drive

http://www.mediafire.com/?p3a79lqf5pyur1s

Easy Gif Animator 5

Easy Gif Animator 5
size : 5.88 Mb

Easy Gif Animator အကြောင်းမပြောခင် Gif ဖိုင်အကြောင်းပြောပါရစေ၊Gif =Graphic Interchange Format (file extension) ဂရပ်ဖစ်အသားပေးဖိုင်လို့ ဘာသာပြန်ရမလားပဲ၊အား... ရှင်းကမှ ရှုပ်ကုန်ပြီ။Gif ဖိုင်ဆိုတာဗျာ....ရုပ်ရှင်ဖိုင်အသေးစားလေးလို ပုံလေးတွေအသက်ဝင်နေတဲ့ပုံဗျာ။ဒီတော့ အဲဒီလို ဖိုင်လေးတွေ လုပ်ယူမယ်ဆို အခု ဆော့ဝဲလ်လေးနဲ့ မိတ်ဆက်ပေးပါရစေ သူကတော့ Easy Gif Animator လို့ခေါ်ပါတယ်။ ဒီ ဆော့ဝဲလ်နဲ့ Gif ဖိုင်လုပ်ဖို့ ပုံလေးတွေကလိုပါတယ်။ ဒီနေရာမှာတော့ WebCam Chat သုံးတဲ့ဆရာတွေက တပန်းသာသွားပြီဗျ ၊ဘာလို့လည်းဆိုတော့ ကုန်ကြမ်းကို ဝေးဝေးလံလံရှာစရာမလိုလို့ပဲ၊ကောင်မလေးနဲ့စကားပြောရင်း သူလေးရဲ့ ရယ်ဟန်၊ပြုံးဟန်လေးတွေကို
တဖျတ်ဖျတ်နဲ့ဆက်တိုင် Take a Photos ယူရုံပဲဗျာ၊အရယ်အပြုံးပုံလေးတွေကို ဆက်တိုက်ဆက်တိုင်ယူနိုင်လေ ကိုယ်ရဲ့ Gif ဖိုင်က ပိုအသက်ဝင်လေဆိုပါတော့ဗျာ
ရထားတဲ့ပုံတွေကို တလွဲအသုံးမချကြပဲ..အခု ဆော့ဝဲလ်လေးရဲ့ Add a Photo နေရာမှာပုံလေးတွေထည့်ပြီး ၊ Gif ဖိုင်လေးလုပ်ယူနိုင်ပါပြီ။ဆော့ဝဲလ်ရဲ့ ခလုပ်တွေအကြောင်းရှင်းပြတာထက် ကိုယ်တိုင်စမ်းသပ်ကြည့်တာပိုပြီးမှတ်မိမှာမို့ မရှင်းပြတော့ဘူးနော်၊ Easy Gif Animator 5 ကို အောက်မှာ ဒေါင်းယူပါ။
ခရက်ဖိုင်လည်းထည့်ထားပါတယ်/

Ultra ISO virtual drive

http://www.mediafire.com/?sd9qqcx9ulhee5i

ခရက်ဖိုင်ဖြည့်နည်း (basic users) များအတွက်
/**To Slove Crack [Not For Advaced Users]/

Software ကို Setup လုပ်ပြီးပါက၊ Easy Gif Animator ဆော့ဝဲလ်အား ခဏပိတ်လိုက်ပါ။
Crack Folder ထဲရှိ egifan.exe ဖိုင်လေးကို C:\Program Files\Easy GIF Animator ထဲသို့ Copy ကူးထည့်လိုက်ပါ၊ replace လုပ်ရမလားမေးလျှင် Yes အတည်ပြုပေးလိုက်ပါ။ထို့နောက် Desktop ပေါ်ရှိ Easy Gif Animator ကို run လိုက်ပါ။ Activate လုပ်ရန် အတွက် crack folder ထဲရှိ notepad တွင်ရေးထားသော serial key ကို Activate ခလုပ်အားနှိပ်လျှင်ပေါ်လာသော အကွက် ထဲ ကူးထည့်လိုက်ပါက Full version ဖြစ်သွားပါလိမ့်မယ်။

Wednesday, April 4, 2012

Fortess game ခဲဖြင့်ပေါက်ရသော flash game

Fortess game ခဲဖြင့်ပေါက်ရသော flash game
size : 913 KB






ကိုယ်စက်ကို memory လည်းမစား၊ပေါ့ပေါ့ပါးပါး၊ဟာသဆန်ဆန်ကစားလို့ရတဲ့ ဂိမ်းလေးပါ။ကောင်လေးနဲ့ကောင်မလေး
အပြန်အလှန်ဖိနပ်နဲ့ပေါက်၊ခဲနဲ့ပေါက်တမ်းကစားတဲ့ဂိမ်းပါ၊2 ယောက် ပြိုင်ကစားနိုင်သလို ကွန်ပျုတာနဲ့ပြိုင်နိုင်ပါတယ်။မနိုင်လောက်ဘူးထင်ရင် Power တွေကိုပါသုံးနိုင်ပါတယ်။ယူဆော့ကြည့်ပါအုန်း...

Fortess game

http://www.mediafire.com/?f94owf96qccf1bj

Sunday, March 25, 2012

Angry Birds Space စိတ်တိုနေတဲ့ဌက်ကလေး

Angry Birds Space စိတ်တိုနေတဲ့ဌက်ကလေး
size : 32.1 MB



Angry Birds ဆိုတာနဲ့ကလေးလူကြီးမရွေးသိကြတဲ့ ပေါ်ပြူလာဖြစ်တဲ့ဂိမ်းလေးပါ။Angry Birds ဂိမ်း ဆော့ရတာအားမရကြလို့ အပြင်မှာပါ Angry Birds အကျီ၊ဦးထုတ်၊cozy ခေါင်းစွပ်အနွေးထည် ဖုန်းကာဗာ wallpaper Screen Paper ပါ ဒီဇိုင်းထုတ်ကြ ၀ယ်ကြ ၀တ်ကြတဲ့အထိပါအောင်မြင်နေပါတယ်။ အခု ဂိမ်းကတော့ ပထမ လောက်လေးခွကို ကမ္ဘာထဲမှာ ပစ်တာအားမရကြလို့ အခု အာကာသထဲမှာပါ ထွက်ပစ်ကြဖို့ နှိုးဆော်ထားတဲ့ဂိမ်းပါ။ကိုင်း ကိုယ်လည်း လက်မနှေးပဲ၊ပစ်ကြရအောင်....

Ultra ISO virtual drive

/***ဒါနဲ့ စကားမစပ် Angry Birds ကို Produce ထုတ်တဲ့ software Developer/company က အရင်က AgBirds မတိုင်ခင် ဂိမ်းတွေမြောက်မြားစွာထုတ်ခဲ့ပါသတဲ့၊ အဲဒီဂိမ်းတွေတုန်းက မအောင်မြင်ဖြစ်ရပေမဲ့ အခု ဂိမ်းကတော့ တအားအောင်မြင်သွားပါပြီ။ဒါကြောင့် "လှံထမ်းလာတာမြင်ရပေမဲ့ ကံထမ်းလာတာမမြင်ရဘူး" ဆိုတဲ့စကားပုံ မှန်နေပြီပေါ့ဗျာ။**/

ကိုယ်စိတ်ကြိုက် Screen Saver လေးလုပ်ကြစို့

ကိုယ်စိတ်ကြိုက် Screen Saver လေးလုပ်ကြစို့
size: 1.40 MB

Screen Saver ဆိုတာကတော့ ကိုယ်သုံးတဲ့စက်(ကွန်ပျူတာ) Idle ဖြစ်ချိန်မှာ ဒါမှမဟုတ် screen saver လေး Run ထားချိန်မှာ ပုံလေးတွေတစ်ခုပြီးတစ်ခုပြောင်းနေတာကို ဆိုလိုတာပါ။Screen Saver နဲ့ပတ်သတ်တဲ့ဆော့ဝဲလ်တွေကတော့ အင်တာနက်ထဲမှာ အများကြီးပါ။အခု ကျွန်တော်ပြောပြမဲ့ Software လေးကတော့ Photo Screen Saver Maker ပါ။သူကတော့ကိုယ်စိတ်ကြိုက်ပုံတွေ၊သီချင်းတွေနဲ့ screensaver လုပ်ဖို့အတွက်ပါ။ကိုယ်စိတ်ကူးနဲ့ကိုယ် အမျိုးမျိုးလက်တွေ့စမ်းသပ်အသုံးချနိုင်ပါတယ်။သူငယ်ချင်းတွေခင်မင်သူတွေကိုလည်း ကိုယ်စိတ်ကြိုက်လုပ်ထားတဲ့ Screen Saver လေးတွေ ပြန်ပြီးဝေမျှနိုင်တာပေါ့၊ကဲ စလိုက်ကြစို့ လွယ်ပါတယ်။

Image and video hosting by TinyPic

ပုံမှာ နံပါတ်လေးတွေတပ်ထားပါတယ်။ 1 ကတော့ general ပါ ကိုယ်စိတ်ကြိုက် Sceen Saver အမည်ကို 6 နေ၇ာမှာရေးလို့ရပါတယ်။

2 နေရာကတော့ အဓိကအကျဆုံး၊ ကိုယ် Screen Saver ကို ကိုယ်နှစ်သက်တဲ့ပုံတွေထည့်ဖို့ အပိုင်းပါ ၊ 2 Tab ကို နှိပ်လိုက်ရင် ဆော့ဝဲလ်ရဲ ညာဘက်မှာ အပေါင်း ၊အနုတ်၊ အပေါ် ၊အောက် ခလုပ်လေးတွေပါပါတယ်။အပေါင်းကတော့ ကိုယ်နှစ်သက်တဲ့ ဖိုင်(photo) ကို ထည့်ဖို့ပါ မကြိုက်ရင် အနုတ်နဲ့ ပြန်ဖျက်ပေါ့၊အပေါ်အောက်ခလုပ်တွေကတော့ ရှင်းပါတယ်၊ပေါင်းထည့်ထားတဲ့ပုံတွေကို ပထမဆုံးဘာပုံ၊ဒုတိယ ဘာပုံ စသည့်ဖြင့် Arrangement စီဖို့ပါ။

ရောင်စုံ ဖိုလ်ဒါလေးတွေ နဲ့ အလှဆင်ကြစို့ Folder Highlight

ရောင်စုံ ဖိုလ်ဒါလေးတွေ နဲ့ အလှဆင်ကြစို့ Folder Highlight
Size: 2.23MB

Image and video hosting by TinyPic

window 7 မှာ သာမန်အားဖြင့် folder လေးက အ၀ါရောင်လေးတွေပါ။ဒါဟာပုံမှန်ပါ၊ဖိုလ်ဒါတွေကို HD patition တစ်ခုတည်းမှာအများကြီးထည့်ထားတယ်ဆိုပါစို့၊သာမန်အားဖြင့် ဘာမှမဟုတ်ပေမဲ့ တကယ်တန်းအရေးဟယ် အကြောင်းဟယ်ရှာမယ်ဆို မလွယ်ပါဘူး၊မခက်ပါဘူးကွာ Window featuring မှာ Search ရှိပါတယ် စိတ်မပူပါနဲ့ဟု ပြောချင်ပြောပါလိမ့်မယ်၊ ဟုတ်ပါတယ် ဖိုင်နာမည်ကို ကိုယ်ကိုယ်တိုင်က မေ့နေတယ်ဆိုရင် Search လည်းဘာမှမတက်နိုင်ပါ။
အဆိုပါပြသာနာကိုဖြေရှင်းဖို့ အတွက် Folder Highlight က ကူညီမှာပါ၊
သူကို Install လုပ်ထားလိုက်ရင် folder ကို Select မှတ်ပြီး Right Click ပေးပြီး ဖိုလ်ဒါအရောင်ကို ကိုယ်နှစ်သက်တဲ့(သို့)အလွယ်တကူ ရှာနိုင်တဲ့အရောင်လေးကို ပြောင်းထားလိုက်နိုင်ပါတယ်။အောက်ကပုံလေး အတိုင်းပါ

ကဲ...ဒါဆို ရင် ဖိုလ်ဒါတွေများနေပေမဲ့လည်း ကိုယ်ဖိုလ်ဒါလေးက အများကြားမှာထင်ရှားနေရင် ရှာရလွယ်ကူစေမှာပါ။ အခု ဆော့ဝဲလ်လေးကို crack ပါထည့်ထားပေးပါတယ်။ crack ဖြည်ပုံကတော့ crack ထဲက (dll file)လေးကို C:\Program Files\FolderHighlight ထဲသွားပြီးကူးထဲလိုက်ပါ။Replace လုပ်ရမလား message ပေးရင် နဂိုရှိရင်း DLL file နဲ့ Crack က dll ကို ရဲရဲကြီး replace လုပ်လိုက်ပါ။ဒါဆိုရင်Folder Highlight Software လေးက Full Version ဖြစ်သွားပါလိမ့်မယ်....

Ultra ISO virtual drive

http://www.mediafire.com/?1f4fav4jt3few7r

Friday, March 23, 2012

Faststone Screen Capture ကွန်ပျူတာ Desktop ပေါ်က ပုံရိပ်တွေ

Faststone Screen Capture ကွန်ပျူတာ Desktop ပေါ်က ပုံရိပ်တွေ
size : 1.90 MB

Image and video hosting by TinyPic

Screen Capture ဆိုတာကွန်ပျူတာကို ဖွင့်ပြီး desktop screen မှာ ဖွင့်ထားတဲ့ ပုံ ဒါမှမဟုတ် မြင်ကွင်းတစ်ခုကို ဓါတ်ပုံရိုက်ထားလိုက်သလို Capture ထားလိုက်တာပါ။ သူအတွက်တော့ ရိုးရိုး Keyboard မှာ

ပါတဲ PrintScreen [SysRq] နဲ့ ဖမ်းလည်းရပါတယ်။ကိုယ်ကွန်ပျူတာ ဖွင့် စောစောကကျွန်တော်ပြောတဲ့ Key ကိုနှိပ်။ပြီးရင် paint ကိုသွားပြီး Paste လုပ်ရင်လည်း ပုံကို screen capture လုပ်ပေးတာပါပဲ။အခု

ကျွန်တော် ပြောတဲ့ Software ကတော့ Screen Capture အတွက် သီးသန့်ထုတ်ထားတဲ့ Software အတွက်ပါ။သာမန် user တွေအတွက် အသုံးမ၀င်ပေမဲ့ အသုံးဝင်မဲ့လူတွေ စမ်းသပ်ချင်တဲ့လူတွေအတွက်

တင်ပေးထားတာပါ။စိတ်ဝင်စားရင် အောက်မှာဒေါင်းပါ

Ultra ISO virtual drive

http://www.mediafire.com/?xqh8b0208jkc4yg

Revo Uninstaller Pro ဆော့ဝဲတွေကို အလွယ်တကူဖြုတ်ရန်

Revo Uninstaller Pro ဆော့ဝဲတွေကို အလွယ်တကူဖြုတ်ရန်
size : 7.34 MB

Image and video hosting by TinyPic

Uninstaller ဆိုတာကတော့ ကိုယ်ကြိုက်တဲ့ Software တွေကို ကိုယ်စက်မှာတပ်ဆင်ပြီးတဲ့နောက် မကြိုက်တော့လို့ သို့မဟုတ် အသုံးမပြုချင်တော့လို့ ပြန်ဖြုတ်ချင်တဲ့အခါမှာသုံးပါတယ်။Control panel ထဲမှာ

Add or Remove Program ထဲမှာ ပြန်ပြီး uninstall လုပ်လို့လည်းရပါတယ်။ Win 7 မှာဆိုရင်တော့ Control Panel>All Control Panel Items>Programs and Features ပါ။အဲဒီ Path ကနေတဆင့်

ပြန်ဖြုတ်ရင် ရပါတယ်။ဒါပေမဲ့ ၀င်းဒိုးကတစ်ဆင့်ပြန်ဖြုတ်ရင် Regedit key တွေ၊ဖိုလ်ဒါတွေကိုတော့ မရှင်းပေး၊မဖျက်ပေးပါဘူး။ဒါကြောင့် ဖြုတ်လိုက်တဲ့ Software နဲ့ အလားတူ Software ကို ကိုယ်က

ပြန်တပ်ရင် Regedit မှာ အရင် Software က Key ကျန်တဲ့အတွက် Software က update မဖြစ်တာတို့၊uninstall လုပ်မရတာတို့ဖြစ်တက်ပါတယ်။အခုကျွန်တော် တင်ပြမဲ့ဆော့ဝဲလ်ကတော့

အဲဒီပြသာနာတွေမဖြစ်အောင်ဖြေရှင်းပေးမှာပါ။Uninstaller တွေကတော့အများသား၊ကိုယ်နှစ်သက်ရာနှစ်သက်ရာပေါ့။ မူရင်း Revo Uninstaller Pro နဲ့အတူ Patch ပါ ထည့်ထားပါတယ်။သူရဲ့

Patchချိုးပုံကတော့ Patch.exe ကို C:\Program Files\VS Revo Group\Revo Uninstaller Pro လမ်းကြောင်းအတိုင်း Revo Uninstaller Pro ဖိုလ်ဒါထဲကူးထည့်ပြီး Double Click

လုပ်လိုက်ရုံပါ။နည်းနည်းတော့အချိန်ကြာတယ်နော်၊သူဘာသာ သူPatch ချိုးပြီးရင်တော့ success ဆိုရင်အောင်မြင်သွားပါပြီ။ Full version ဖြစ်သွားမှာပါ။

Revo မှာ ထူးခြားတာက Hunter Mode ပါတာပါပဲ။Hunter Mode ဆိုတာ Target ပုံလေးနဲ့ပါ။သူကို ဘယ်နေရာမှာသုံးလဲဆိုတော့ တစ်ချို့ဆော့ဝဲလ်တွေ့ Uninstaller List မှာ မဖော်ပြတဲ့ software တွေကို

Hunter Mode နဲ့ ထောက်ပြီး Uninstall လုပ်နိုင်တာပါ။

Image and video hosting by TinyPic

Image and video hosting by TinyPic

Image and video hosting by TinyPic

ကဲ ရှင်းပြီလား
Ultra ISO virtual drive
http://www.mediafire.com/?yehpmwcahm8af8c

Thursday, March 22, 2012

ကွန်ပျူတာထဲက Drive Letter လေးတစ်ခုအကြောင်း Virtual Drive လေး Ultra ISO

ကွန်ပျူတာထဲက Drive Letter လေးတစ်ခုအကြောင်း Virtual Drive လေး Ultra ISO

Ultra ISO

Ultra Iso ဆိုတာက အခွေထည့်ဖို့ CD/DVD drive တစ်ခုပါ။တကယ်အစစ် CD/DVD drive(Optical Drive) တစ်ခုတော့မဟုတ်ပါဘူး။Drive အတု(virtual drive)ပါ။

သူ့ ဇတ်လမ်းကိုပြောရရင် ကျွန်တော်အခုသုံးတဲ့စက်က Netbook ပါ၊Netbook ဆိုတဲ့အတိုင်း သူမှာ အခွေဖွင့်ဖို့ (Optical Drive) မပါပါဘူး၊

ဒီတော့ အကျိုးဆက်အနေနဲ့ကိုယ်စက်မှာ အခွေဖွင့်လို့မရပါဘူး၊ အခွေအစစ်က file/folder လေးကိုဖွင့်ဖို့ဆိုရင် ပြသာနာက စပါတယ်။ဂိမ်းအခွေဆိုပိုဆိုးတာပေါ့၊
ဒီနေရာမှာ ကျွန်တော် စက်လေးအတွက် ကယ်တင်ရှင်က ရောက်လာပါပြီ၊သူကတော့ Ultra ISO ပါ။သူကို Install လုပ်လိုက်ရင်ကိုယ်စက်ထဲမှာ အခွေဖွင့်ဖို့ CD/DvD drive တစ်ခုတပ်ထားသလို လေးဖြစ်လာပါတော့တယ်။
သူကို ဘာကြောင့်သုံးရသလဲပြောပြပါမယ်။ အထူးသဖြင့် ကွန်ပျူတာလက်တော့ Desktop Notebook စသည်တို့မှာ အခွေဖွင့်ဖို့ Optical Drive တွေပါပါတယ်။သူတို့က Lens ကို အခြေခံထားတာဖြစ်တဲ့အတွက် သာမန်သုံးနေရင်ဘာမှ မဖြစ်ပေမဲ့၊အချိန်အတိုင်းအတာတစ်ခု ရောက်ရင်တော့ အခွေရွေးတာတို့ အခွေမဖတ်တော့တာတို့ဖြစ်လာပါတယ်။ဒါဆိုမေးစရာရှိလာပါတယ် သာမန်အောက်စက်တွေ DVD/EVD တို့မှာတော့ ဘာမှမဖြစ်ပါလားဆိုရင်တော့ သူတို့ကတော့ အခွေဖတ်ဖို့ သီးသန့်် Modify လုပ်ထားတဲ့စက်တွေဖြစ်ပါတယ်။သာမန်ကွန်ပျူတာက စက်တွေကတော့နောက်ပိုင်း အခွေပြသာနာပေါ်လာတက်ပါတယ်။ဖြစ်တက်တဲ့သဘောသဘာဝကိုပြောတာပါ၊ဖြစ်ကိုဖြစ်မယ်ဆိုလိုတာမဟုတ်ပါဘူး၊ဒီတော့ ကိုယ်နှစ်သက်တဲ့ အခွေကို ISO(image) ဖိုင်လုပ်ထားပြီး Virtual Drive ကနေတစ်ဆင့် သာမန်အခွေထည့်သလို့ သွားရင်တော့ DVD/CD writer(optical Drive) တွေကို သက်သာစေမှာဖြစ်ပါတယ်။

အခွေကူးသူများ အလွယ်တကူကြိုက်စေမည့် (သို့) ကြိုက်သူများအားလွယ်စေမည့် Image Burner

အခွေကူးသူများ အလွယ်တကူကြိုက်စေမည့် (သို့) ကြိုက်သူများအားလွယ်စေမည့် Image Burner
size : 1.8MB

Imagebunner

အခွေကူးဖို့ ဆော့ဝဲလ်တွေ အင်တာနက်မှာရှာရင်တောင်ပုံရာပုံပါ၊ကိုယ်အကြိုက်နဲ့ကိုယ်ပါ နာမည်ကြီးတာတွေကတော့ Nero၊ Ashampoo ၊Alchol120 % စသည့်ဖြင့် အများကြီးပါ။ကျွန်တော်ကတော့ Image Burner ကြိုက်ပါတယ်အကြောင်းကတော့ အသုံးပြုဖို့လွယ်လို့ပါ။သူ့ Main Illustartor လေးကိုက ရှင်းရှင်းလေးပါ။သူထက်လွယ်တာတွေလည်း ရှိအုန်းမှာပါ။အခုဟာက ပုံကြည့်လိုက်ရင်သိပါတယ်။ သူကိုသုံးပြီး အခွေပြားချပ်ချပ် ကူးရင် Verify ကို အမှန်ခြစ်ပေးဖို့ မမေ့နဲ့နော်၊Verify က အခွေကူးပြီးရင် Process တစ်ခုအနေနဲ့ ကူးထားတဲ့အခွေကို Software က ပြန်စစ်တာကို ဆိုလိုပါတယ်။နောက်ပြီး Verify လုပ်ထားတဲ့အခွေက Verify မလုပ်တဲ့အခွေထက်ကြာရှည်ခံပါတယ်တဲ့။
နောက်ပြီး Image Burner က ကြိုက်တဲ့ folder/ file တွေကို Image ရိုက်ပေးနိုင်ပါတယ်။
အဆင်ပြေပါစေ

Image and video hosting by TinyPic

Monday, March 19, 2012

Matrix Screen Lockerနဲ့ကွန်ပျုတာကို ခေတ္တသော့ခတ်ရအောင်....

Matrix Screen Lockerနဲ့ကွန်ပျုတာကို ခေတ္တသော့ခတ်ရအောင်....
size:659 KB


Matrix Screen Locker အကြောင်းမပြောခင် Matrix Effect အကြောင်းလေးပြောပါရစေ၊Matrix effect ဆိုတာကတော့Computer Keywords များကို Random အလုပ်လုပ်စေခြင်းဖြစ်ပါတယ်။ဆိုလိုတာက သာမန်အားဖြင့် Aပြီးရင်B နောက်C စသည်ဖြင့်လာပေမဲ့ Matrix Effect ကတော့ A G K I D စသည်ဖြင့်ကြုံရာအခြေအနေကိုဆိုလိုပါတယ်။အခု ဆော့ဝဲလ်ကတော့ Matrix စနတ်ကိုအသုံးပြုထားတဲ့ ScreenLocker ပါ။
သူကဘာအတွက်သုံးလဲဆိုတော့ ကိုယ်က ကွန်ပျုတာသုံးရင်အကြောင်းတစ်ခုကြောင့်တခြားပေါ်လာလို့ကိုယ်စက်ကိုလည်း မပိတ်ချင်ရင်၊နောက်ပြီးစက်ကိုလည်း သူများလာမကိုင်စေချင်ရင် အခု Software လေးက ဖြေရှင်းပေးမှာပါ။သူကို install လုပ်လိုက်ရင် Taskbar မှာ X ပုံပေါ်နေပါမယ်။အဲဒီ X အပေါ်ကို Right Click နှိပ်လိုက်ပြီး Password ပေးပါ။ပြီးရင်တော့ OK ပေးလိုက်ရင်၊အစောကကျွန်တော်ပြောပြတဲ့ Matrix effect ဟာဘာကြီးလဲဆိုတာအဖြေထွက်ပါလိမ့်မယ်။အောက်ကပုံလေးအတိုင်းပါ

Image and video hosting by TinyPic

ကိုယ်ကကိုယ်စက်ကိုပြန်နဂိုအတိုင်း အလုပ်ပြန်လုပ်မယ်ဆိုပါက၊Computer Screen မှာ ကလစ်တစ်ချက်နှိပ်လိုက်ပြီး ပေါ်လာတဲ့ Box မှာPassword ရိုက်လိုက်ရင်ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။ အိုကေ ဒေါင်းကြစို့နော်


www.aungthuraya.blogspot.com


http://www.mediafire.com/?5iuqxdr9ijyiy52

အဲဒီ Matrix effect က ဆော့ဝဲလ်ကြီး(Application)ကြီး၊သူများ exe ဘယ်လိုလုပ်သလဲ လေ့လာချင်သူများ၊ သူကို ကိုယ်တိုင်လုပ်ကြည်မှ ကျေနပ်မယ်ဆိုသူများအတွက်တော့ ဒီမှာ



www.aungthuraya.blogspot.com


http://www.mediafire.com/?0gnax0aigzby1vf

အဆင့်သင့်ဒေါင်းပါ။အခြေခံသဘောတရားကိုဖော်ပြခြင်းဖြစ်ပါတယ်။
နားလည်သူများ လေ့လာနိုင်ပါရန်လည်း သူကုတ်မူရင်းကို ဖော်ပြလိုက်ပါတယ်.....သူ့ကို စတင်ဖော်ပြခဲ့တာကတော့ www.mmcracker.multiply.com ပါ။တကယ်ကောင်းတဲ့ဆိုက်ပါ၊သူဆီမှာလေ့လာစရာများပြားပါတယ်၊တစ်ခါတစ်ခေါက်တော့ရောက်အောင်သွားဖို့တိုက်တွန်းပါရစေ။
@echo off
/rem this is a simple Matrix effect/
echo.
title Matirx Effect
:A
color a
echo %random% %random% %random% %random% %random% %random% %random% %random% %random% %random% %random% %random% %random%
goto A
pause

ဓါတ်ပုံမှ စာပုံသို့ ပြောင်းရအောင် Photo Image 2 Text

ဓါတ်ပုံမှ စာပုံသို့ ပြောင်းရအောင် Photo Image 2 Text
Size 861 KB
Image and video hosting by TinyPic

ခေါင်းစဉ်ကြည့်ပြီးတော့ တစ်မျိုးမစဉ်းစားမိပါနဲ့၊ဆိုလိုတာက ဓါတ်ပုံလေးကို အက္ခရာ စာသားလေးနဲ့ ပုံဖော်ဖို့ပါ။ အသုံးပြုပုံနဲ့ အသုံးဝင်ပုံကတော့ အထက်က နမူနာပုံလေးအတိုင်းပါပဲ ကိုယ်စိတ်ကြိုက်ဓါတ်ပုံလေးကို File>load Image လမ်းကြောင်းအတိုင်း ထည့်လိုက်ရုံပါပဲ။သူဘာသာသူ စာသားလေးပြောင်းပေးပါလိမ့်မယ်။နောက်ပိုင်းကြရင် အခုSoftware လေးကို လျှောက်စမ်းရင်း ကျွမ်းလာပါလိမ့်မယ်။ ဒီ Software လေးနဲ့ပတ်သတ်ပြီးတစ်ခုပြောစရာရှိတာကတော့ Portable လေးနော်။နောက်ပြီး အသုံးပြုမဲ့စက်မှာ DotNet Frame 2.0 နဲ့ အထက် install လုပ်ထားဖို့ လိုပါလိမ့်မယ်။Fullversion ရှိရင်လည်း တင်ပေးပါမယ်။ ဒေါင်းရန်လင့်

http://www.mediafire.com/?b1kusc22ihg3uls


www.aungthuraya.blogspot.com

Tuesday, March 13, 2012

RingTone လေးတွေကိုယ်စိတ်ကြိုက်အလွယ်တကူလုပ်ကြမယ်

RingTone လေးတွေကိုယ်စိတ်ကြိုက်အလွယ်တကူလုပ်ကြမယ် size : 1.78MB (portable) size : 7.24MB(fullversion) Image and video hosting by TinyPic
အခုခေတ်မှာ လူကြီးလူငယ်မရွေး Handphone ကိုယ်စီနဲ့ အလုပ်ဖြစ်နေကြပါတယ်။ဖုန်းကလည်း ပေါင်းစုံ၊အရောင်စုံပါပဲ၊ဖုန်းလာရင်မြည်တဲ့ RingTone အသံကိုလည်း ကိုယ်နှစ်သက်ရာ နှစ်သက်ရာ သီချင်းကိုလုပ်ကြတာအစုံပါပဲ။ကျွန်တော်တွေ့ဖူးတဲ့လူတစ်ယောက်ဆို ရွှေမန်းတင်မောင် ဆိုတဲ့ အောင်ပါစေ သီချင်းကို Ringtone လုပ်ထားလေရဲ့၊ဒါနဲ့ကိုယ်ဆရာကို ဘယ်လိုလုပ်တုန်းမေးတာက အစပြုပြီးအခု Software လေးကို ဆိုက်ပေါ်တင်ဖို့ဖြစ်လာတာပါပဲ...အခု ပုံထဲက software ကတော့ ပေါ့ပေါ့ပါးပါး Portable လေးပါ၊ လေးလေးပင်ပင်ကြိုက်သူများအတွက်လည်း Full version ကိုလည်း ဒေါင်းဖို့ လင့်ထားပေးထားပါတယ်။ကျွန်တော်ကတော့ ပေါ့ပေါ့ပါးပါးက သုံးရတာပိုလွယ်သလားလို့ထင်မိပါတယ်။ကွန်ပျူတာနဲ့ရင်းနှီး ကျွမ်းဝင်တဲ့လူတွေအတွက် တော်တော်လေးလွယ်ပါတယ်၊ လိုချင်တဲ့အပိုင်းကို ဓါးနဲ့လှီးလိုက်သလို ကောက်ယူ(pickup) လုပ်ရုံပါပဲ....သီချင်းအစပိုင်းနဲ့အဆုံးပိုင်းကို ကြည့်ကောင်းအောင်...အဲ..မှားလို့ နားထောင်ကောင်းအောင် fade in / fade out လေး လုပ်လိုက်ရင်ပိုကောင်းပါတယ်။ အသံနဲ့ပတ်သတ်လို့ အများစုက *.mp3 ကိုသုံးကြပါတယ်၊ အမှန်တကယ် Ringtone အစစ်မှာ သုံးရတာက *.aac ပါ။သူက အသံအားပိုကောင်းပါတယ်။ဆိုလိုတာက (Kilo Beep Persecond)(Kbs) ပိုကောင်းတာကို ဆိုလိုတာပါ။ကိုယ်သန်ရာသန်ရာပါပဲ။...<စကားမစပ် ရွှေမန်းတင်မောင်ရဲ့ အောင်ပါစေ သီချင်းကိုလည်း ringtone လုပ်လိုသူများရှိရင် အသိပေးကြပါ....ကျွန်တော်ဆီမှာကူးထားတာရှိပါတယ်>


ဒါက ပေါ့ပေါ့ပါးပါး တစ်ထိုင်တည်းသုံး Portable | size 1.78MBအတွက် ဒေါင်းဖို့လင့်

http://www.mirrorcreator.com/files/DVIACL5Q/Free_Ringtone_Maker(portable).rar

ဒီမှာ တိုက်ရိုက်ဒေါင်းပါ


ဒါကတော့ Desktop ပေါ်မှာ အတည်အခန့်ထားချင်သူများအတွက်လင့်
http://www.mirrorcreator.com/files/EWXZAE8I/FreeRingtoneMaker(fullversion).rar
ဒီမှာ တိုက်ရိုက်ဒေါင်းပါ

Extreme Copy ကော်ပီမြန်မြန်ကူးလိုသူများအတွက်

Extreme Copy ကော်ပီမြန်မြန်ကူးလိုသူများအတွက် size : 1.87Mb Image and video hosting by TinyPic Extreme Coyp ဆိုတာ window buildin ပါတဲ့ Copy ကူးခြင်းထက် ပိုမြန်အောင် ကော်ပီကူးပေးတဲ့ software ပါ။copy ကူးတာ file တွေတအားများနေရင် ပုံမှန် ရိုးရိုးကူးတာထက်စာရင် software လေးနဲ့ကူးတာ အချိန်ကုန်သက်သာစေပါတယ်။သာမန်အတိုင်း copy / paste လုပ်တာနဲ့ extreme copy pro က သူဘာသာသူအလုပ်လုပ်သွားမှာပါ။အောက်မှာ ဒေါင်းဖို့လင့်ပါ


http://www.mirrorcreator.com/files/0WWDURPB/ExtremeCopy_Pro_2.0.5.rar_links
ဒီမှာ
တိုက်ရိုက်ဒေါင်းပါ

Thursday, March 1, 2012

Desktop ပေါ်က ယင်ကောင်လေးတွေ ၊ ပိုးကောင်းလေးတွေ

သူများထက်ထူးပြီး desktop ပေါ်မှာ ယင်ကောင်လေးတွေ လျောက်သွားနေတာကို မှ မြင်ချင်ရင်တော့ အောက်က လင့်မှ ဒေါင်းပြီး software လေးကို Run လိုက်ပါ ဖိုင်ဆိုက်လည်းသေးပါတယ်/ယင်ကောင် နဲ့ ပိုးကောင်း ၂ ခု တင်ထားပါတယ် ။ကျွန်တော့်စိတ်ထင် ယင်ကောင်က ပိုအသက်ဝင်ပါတယ်။
ယင်ကောင် အတွက် ဒေါင်းရန်
ပိုးကောင်အတွက် ဒေါင်းရန်

ဆော့ဝဲလ်ကို run လိုက်ရင် desktop ပေါ်မှာ ယင်ကောင်ပုံနဲ့ ပိုးကောင်ပုံ desktop icon လေးပေါ်လာပါလိမ့်မယ်။သူတို့ကို ၂ ချက်နှိပ်ရင် ယင်ကောင်ပိုးကောင်လေးတွေ က desktop ပေါ်မှာ လျောက်သွားနေပါလိမ့်မယ်။သူတို့ကို ပိတ်ချင်ရင်တော့အောက်က Taskbar မှာ ယင်ကောင်ပုံ ကို Exit ပေးလိုက်ပါ

Wednesday, February 29, 2012

Paper folding 3D Software (သို့) အရုပ်ခေါက်ကြမယ်

Paper folding 3D Software (သို့) အရုပ်ခေါက်ကြမယ်
size 9.57MB
Image and video hosting by TinyPic
ကျွန်တော် ငယ်ငယ်တုန်းက

တမ်းတမ်းစွဲကစားခဲ့တဲ့ကစားနည်းတစ်ခုပါ။အခုတော့ အရွယ်ရလာတော့

မဆော့တော့ပါဘူး....အခု ပေးတဲ့ဆော့ဝဲလေးကတော့

ငယ်ဘ၀အလွမ်းပြေပါ။အရုပ်ခေါက်နည်းကို တစ်ဆင့်ချင်း 3D နဲ့

ရှင်းပြတဲ့ဆော့ဝဲလ်လေးပါ၊မူရင်းက ကိုမြတ်ဆိုက်ကပါ။သူဆိုက်က

ပေးထားတဲ့လင့်သေနေတော့၊ကိုယ်ဟာကို ရှာထားတာပါ။

ဆိုက်လည်းသေးပါတယ်၊ခရက်ပါထည့်ထားပေးပါတယ်။

ဒေါင်းလိုက်ပါအုန်း။ဒေါင်းရန်
http://www.ziddu.com/download/18748032/Paperfolding.rar.html