ကျွန်တော် သိသော အသိပညာ နည်းပညာများ မျှဝေခြင်းဖြစ်ပါသည်.....

Tuesday, March 13, 2012

RingTone လေးတွေကိုယ်စိတ်ကြိုက်အလွယ်တကူလုပ်ကြမယ်

RingTone လေးတွေကိုယ်စိတ်ကြိုက်အလွယ်တကူလုပ်ကြမယ် size : 1.78MB (portable) size : 7.24MB(fullversion) Image and video hosting by TinyPic
အခုခေတ်မှာ လူကြီးလူငယ်မရွေး Handphone ကိုယ်စီနဲ့ အလုပ်ဖြစ်နေကြပါတယ်။ဖုန်းကလည်း ပေါင်းစုံ၊အရောင်စုံပါပဲ၊ဖုန်းလာရင်မြည်တဲ့ RingTone အသံကိုလည်း ကိုယ်နှစ်သက်ရာ နှစ်သက်ရာ သီချင်းကိုလုပ်ကြတာအစုံပါပဲ။ကျွန်တော်တွေ့ဖူးတဲ့လူတစ်ယောက်ဆို ရွှေမန်းတင်မောင် ဆိုတဲ့ အောင်ပါစေ သီချင်းကို Ringtone လုပ်ထားလေရဲ့၊ဒါနဲ့ကိုယ်ဆရာကို ဘယ်လိုလုပ်တုန်းမေးတာက အစပြုပြီးအခု Software လေးကို ဆိုက်ပေါ်တင်ဖို့ဖြစ်လာတာပါပဲ...အခု ပုံထဲက software ကတော့ ပေါ့ပေါ့ပါးပါး Portable လေးပါ၊ လေးလေးပင်ပင်ကြိုက်သူများအတွက်လည်း Full version ကိုလည်း ဒေါင်းဖို့ လင့်ထားပေးထားပါတယ်။ကျွန်တော်ကတော့ ပေါ့ပေါ့ပါးပါးက သုံးရတာပိုလွယ်သလားလို့ထင်မိပါတယ်။ကွန်ပျူတာနဲ့ရင်းနှီး ကျွမ်းဝင်တဲ့လူတွေအတွက် တော်တော်လေးလွယ်ပါတယ်၊ လိုချင်တဲ့အပိုင်းကို ဓါးနဲ့လှီးလိုက်သလို ကောက်ယူ(pickup) လုပ်ရုံပါပဲ....သီချင်းအစပိုင်းနဲ့အဆုံးပိုင်းကို ကြည့်ကောင်းအောင်...အဲ..မှားလို့ နားထောင်ကောင်းအောင် fade in / fade out လေး လုပ်လိုက်ရင်ပိုကောင်းပါတယ်။ အသံနဲ့ပတ်သတ်လို့ အများစုက *.mp3 ကိုသုံးကြပါတယ်၊ အမှန်တကယ် Ringtone အစစ်မှာ သုံးရတာက *.aac ပါ။သူက အသံအားပိုကောင်းပါတယ်။ဆိုလိုတာက (Kilo Beep Persecond)(Kbs) ပိုကောင်းတာကို ဆိုလိုတာပါ။ကိုယ်သန်ရာသန်ရာပါပဲ။...<စကားမစပ် ရွှေမန်းတင်မောင်ရဲ့ အောင်ပါစေ သီချင်းကိုလည်း ringtone လုပ်လိုသူများရှိရင် အသိပေးကြပါ....ကျွန်တော်ဆီမှာကူးထားတာရှိပါတယ်>


ဒါက ပေါ့ပေါ့ပါးပါး တစ်ထိုင်တည်းသုံး Portable | size 1.78MBအတွက် ဒေါင်းဖို့လင့်

http://www.mirrorcreator.com/files/DVIACL5Q/Free_Ringtone_Maker(portable).rar

ဒီမှာ တိုက်ရိုက်ဒေါင်းပါ


ဒါကတော့ Desktop ပေါ်မှာ အတည်အခန့်ထားချင်သူများအတွက်လင့်
http://www.mirrorcreator.com/files/EWXZAE8I/FreeRingtoneMaker(fullversion).rar
ဒီမှာ တိုက်ရိုက်ဒေါင်းပါ

No comments:

Post a Comment