ကျွန်တော် သိသော အသိပညာ နည်းပညာများ မျှဝေခြင်းဖြစ်ပါသည်.....

Thursday, March 22, 2012

ကွန်ပျူတာထဲက Drive Letter လေးတစ်ခုအကြောင်း Virtual Drive လေး Ultra ISO

ကွန်ပျူတာထဲက Drive Letter လေးတစ်ခုအကြောင်း Virtual Drive လေး Ultra ISO

Ultra ISO

Ultra Iso ဆိုတာက အခွေထည့်ဖို့ CD/DVD drive တစ်ခုပါ။တကယ်အစစ် CD/DVD drive(Optical Drive) တစ်ခုတော့မဟုတ်ပါဘူး။Drive အတု(virtual drive)ပါ။

သူ့ ဇတ်လမ်းကိုပြောရရင် ကျွန်တော်အခုသုံးတဲ့စက်က Netbook ပါ၊Netbook ဆိုတဲ့အတိုင်း သူမှာ အခွေဖွင့်ဖို့ (Optical Drive) မပါပါဘူး၊

ဒီတော့ အကျိုးဆက်အနေနဲ့ကိုယ်စက်မှာ အခွေဖွင့်လို့မရပါဘူး၊ အခွေအစစ်က file/folder လေးကိုဖွင့်ဖို့ဆိုရင် ပြသာနာက စပါတယ်။ဂိမ်းအခွေဆိုပိုဆိုးတာပေါ့၊
ဒီနေရာမှာ ကျွန်တော် စက်လေးအတွက် ကယ်တင်ရှင်က ရောက်လာပါပြီ၊သူကတော့ Ultra ISO ပါ။သူကို Install လုပ်လိုက်ရင်ကိုယ်စက်ထဲမှာ အခွေဖွင့်ဖို့ CD/DvD drive တစ်ခုတပ်ထားသလို လေးဖြစ်လာပါတော့တယ်။
သူကို ဘာကြောင့်သုံးရသလဲပြောပြပါမယ်။ အထူးသဖြင့် ကွန်ပျူတာလက်တော့ Desktop Notebook စသည်တို့မှာ အခွေဖွင့်ဖို့ Optical Drive တွေပါပါတယ်။သူတို့က Lens ကို အခြေခံထားတာဖြစ်တဲ့အတွက် သာမန်သုံးနေရင်ဘာမှ မဖြစ်ပေမဲ့၊အချိန်အတိုင်းအတာတစ်ခု ရောက်ရင်တော့ အခွေရွေးတာတို့ အခွေမဖတ်တော့တာတို့ဖြစ်လာပါတယ်။ဒါဆိုမေးစရာရှိလာပါတယ် သာမန်အောက်စက်တွေ DVD/EVD တို့မှာတော့ ဘာမှမဖြစ်ပါလားဆိုရင်တော့ သူတို့ကတော့ အခွေဖတ်ဖို့ သီးသန့်် Modify လုပ်ထားတဲ့စက်တွေဖြစ်ပါတယ်။သာမန်ကွန်ပျူတာက စက်တွေကတော့နောက်ပိုင်း အခွေပြသာနာပေါ်လာတက်ပါတယ်။ဖြစ်တက်တဲ့သဘောသဘာဝကိုပြောတာပါ၊ဖြစ်ကိုဖြစ်မယ်ဆိုလိုတာမဟုတ်ပါဘူး၊ဒီတော့ ကိုယ်နှစ်သက်တဲ့ အခွေကို ISO(image) ဖိုင်လုပ်ထားပြီး Virtual Drive ကနေတစ်ဆင့် သာမန်အခွေထည့်သလို့ သွားရင်တော့ DVD/CD writer(optical Drive) တွေကို သက်သာစေမှာဖြစ်ပါတယ်။

Ultra ISO(Virtual Drive)တွေ ရဲ့ အလုပ်လုပ်ပုံကတော့ အစကကျွန်တော်မသိပေမဲ့ ဆရာကိုဇော်လင်း(Youth)စာအုပ်တစ်အုပ်ဖတ်မှ ဘာလိုအလုပ်လုပ်လဲသိပါတော့တယ်။နိုင်ငံခြားက Software Developmer တွေက သူတို့လုပ်ထားတဲ့အခွေကိုရောင်းရင် Copy(pirate)မ၀ယ်အောင် အခွေကို စက်ထဲထည့်ပြီး Run တာနဲ့ စက်ထဲအခွေရှိ/မရှိ စစ်စေတဲ့ Command တစ်ခုထည့်ထားပါတယ်။ဆိုလိုတာက ဂိမ်းခွေတစ်ခွေကို ကိုယ်က ကြိုက်ပြီး Stick နဲ့ folderလိုက် ကူးထားပြီးကိုယ်စက်မှာInstall လုပ်လိုက်ရင်အခွေအစစ်ထည့်ပြီး Run တာမဟုတ်တဲ့အတွက် အထက်က Command က အခွေအစစ်နဲ့ software ကို Run ခြင်းဟုတ်မဟုတ်စစ်ပါတော့တယ်၊အဲသည့်အခါမှာ အခွေထည့်ထားတာမဟုတ်ကြောင်းသိရင် အဲသည့် Software က ဆက်ပြီးတော့အလုပ်မလုပ်တော့ပါဘူး၊ဒီမှာတင်ဇတ်လမ်းကစပါတယ် အခွေအစစ်ဆိုရင် လိုင်စင်ကြေးပါလို့ ပိုက်ဆံပေးရမှာဖြစ်ပါတယ်။ဒီတော့ အခုပြောတဲ့ Drive Letter (Virtual Drive) မှာ စောစောကပြောထားတဲ့ folder လေးကို Image ရိုက် Run ထားရင်Commandက ပြသာနာဆက်မရှာတော့ပါဘူး။သူက အခွေအစစ်ကို drive အစစ်မှာ ထည့် run တာပဲလို့ ထင်သွားလို့ပါပဲ။ <...လူတွေများ တယ်ညဏ်များသကိုး အသက်မဲ့တဲ့စက်ကိုတောင် လစ်ရင်လစ်သလိုမလိမ့်တပတ်လုပ်တော့တာပဲ....>
သူက folder ကို HardDisk မှာ ကူးထည့်တာ ရိုးရိုး folder အဖြစ်ကူးတာမဟုတ်ပဲ Image အဖြစ်ကူးထည့်လိုက်တာဖြစ်ပါတယ်။နောက်ပြီး HD ပေါ်မှာတင် Drive တစ်ခု အတုလုပ်လိုက်ပြီး Image ရိုက်ထားတဲ့ Folder ကို Drive အတုပေါ်တင်ပေးလိုက်ပြီး လှည့်စားလိုက်တာပါ။ဒါကြောင့် Drive အစစ်မဟုတ်ပဲ ရှိသယောင်ယောင် Drive မို့လို့ (Virtual Drive)လို ခေါ်ခြင်းဖြစ်ပါတယ်။
နောက် Virtual Drive ကိုသုံးသင့်တဲ့အကြောင်းတစ်ခုက.... ကိုယ်ကြိုက်တဲ့ သီချင်းခွေ ၊ Software ခွေတွေကို ဒီအတိုင်း ပြားချပ်ချပ်အခွေနဲ့ ဖွင့်မဲ့အစား Image ဖိုင်ရိုက်ပြီး Virtual Drive နဲ့ဖွင့်ရင် ရိုးရိုးပြားချပ်ချပ်နဲ့ ဖွင့်တာထက် စာရင် ပိုမြန်စေပြီး CD/DVD (Optical Drive) အတွက် Lens တွေပျက်တာကို ကာကွယ်ရုံတာမက ပြားချပ်ချပ်အခွေကိုပါ ကြာကြာနဲ့ခဏခဏဖွင့်ရင်ပျက်တဲ့ဒုက္ခကဝေးစေမှာပါ။ဒါအပြင် ဥပမာအားဖြင့် နည်းပညာဆိုက်တွေက ၀င်းဒိုးအခွေတွေ ဂိမ်းခွေတွေ သီချင်းမူရင်းခွေတွေကို အလကားပေးလို့ဒေါင်းလိုက်ရင် :::| filename.iso |::: အဖြစ် File Type နဲ့ပေးတာများပါတယ်၊အဲဒါကြီးကို ISO ကနေ CD/DVD အဖြစ် ပြားချပ်ချပ်ဖြစ်အောင် အခွေကူးစက်နဲ့ ခုတ်မနေဘဲ Virtual Drive (သို့) Drive အတုကနေ ထည့်Run ရင်အခွေလည်းကူးစရာမလိုတော့ပါဘူး။အဲတာကိုမှ ကိုယ်စက်ထဲက HardDisk ထဲ မှာ ISO file Type အနေနဲ့သိမ်းထားရင် သာမန်အခွေပျောက်တဲ့ပြသာနာ၊အခွေက နောက်ပိုင်း ကောင်းကောင်းမဖတ်တော့တဲ့ပြသာနာ၊တွေက ဝေးစေမှာဖြစ်ပါတယ်။သာမန်အားဖြင့် ရိုးရိုးသာမန် file လေးတွေကိုမဖြစ်မနေ Image ရိုက်ဖို့မလိုပါဘူး။ဥပမာ mp3 သီချင်းတစ်ပုဒ်ကို Image ရိုက်နေမဲ့အစား ရိုးရိုး ဒီအတိုင်း Media Player တွေ့နဲ့ဖွင့်လိုက်တာပိုကောင်းပါတယ်။ကိုယ်အတွက်အရေးကြီးတဲ့ file/folder/CD/DVD တို့ကိုတော့ မူရင်းကိုသိမ်းထားတဲ့အပြင် Image ရိုက်ပြီးသိမ်းထားရင် ပိုကောင်းတယ်လို့ အကြံပြုလိုတာပါ။ကဲ အခုဆိုရင်တော့ ကိုယ်ကွန်ပျုတာမှာ DVD/CD စသည့်ဖြင့် Optical Drive တွေရှိသည့်တိုင်အောင် (Virtual Drive)လေးတစ်ခုလောက်တော့တပ်ဖို့ကောင်းကြောင်းသိမယ်လို့ထင်ပါတယ်...ဒါဆို၇င်တော့ အခွေဖွင့်ရင် ပထမ အခွေအစစ်ဆိုက drive အစစ်မှာတစ်ခါပဲ ဖွင့် image ရိုက်ထားလိုက်ရင် နောက်ပိုင်း အဲသည်အခွေကိုဖွင့်ချင်ရင် drive အတုမှာဖွင့်၊အကြိမ်ကြိမ်ဖွင့် နိုင်ပါတယ်။ အောကားတွေကိုလည်းဒီတိုင်းပဲ
ကျွန်တော် Post လေးလည်း ရှည်သွားပါပြီ၊စိတ်ရှည်လက်ရှည် ဖတ်ရူတဲ့အတွက်ကျေးဇူးတင်ပါတယ်။
###(Virtual ဆိုတာ အစစ်အမှန်မဟုတ်ပဲ ဟုတ်သယောင်ယောင်ရှိသယောင်ယောင်ဖြစ်နေတဲ့သဘောကိုပြောတာပါ၊ တကယ်တော့ Social Network တွေဖြစ်တဲ့ Facebook,Twitter တွေအပြင် Google,Mozilla,Gtalk အစရှိသည်တို့မှာမျှောနေတဲ့ ကျွန်တော်တို့ ဘ၀တွေဟာလည်း Virtual World မှာ မျှောနေတဲ့ လူတွေပဲ မဟုတ်ပါလားဗျာ....အီရန်မြေပေါ် မှာ အမေရိကန်သံရုံးတကယ်မရှိပါဘူး ဒါပေမဲ့ အမေရိကန်ကတော့ တကယ်အစစ်သံရုံးမရှိပေမဲ့ American Virtual Embassy အီရန်မှာ ရှိတယ်လို့ ပြောလိုက်တာဟာ Virtalရဲ့သဘောသဘာဝကို ပိုပြီးပြီပြင်စေပါတယ်...တကယ်အစစ်ချမ်းသားခြင်းမဟုတ်တဲ့ ချမ်းသာခြင်းအတုအ၀ိဇ္ဖာတောထဲမျှောနေတဲ့ကျွန်တော်တို့ ဘ၀ သံသရာဟာလည်း.....................................အတွေးနယ်ချဲ့မိတယ် !!!)

Ultra ISO virtual drive

No comments:

Post a Comment