ကျွန်တော် သိသော အသိပညာ နည်းပညာများ မျှဝေခြင်းဖြစ်ပါသည်.....

Saturday, August 3, 2013

Sunday, April 8, 2012

Sudoku ကို လွယ်ကူစွာအဖြေရှာမယ် [ sudoku slover]

Sudoku ကို လွယ်ကူစွာအဖြေရှာမယ် [ sudoku slover]
Size : 9KB



Sudoku ကို လွယ်လွယ်ကူကူနဲ့ အဖြေရှာပေးမဲ့ software လေးပါ။ဒီဟာလေး မရှိခင်ကတော့ အင်တာနက်ဂျာနယ်က soduku puzzle ကို မနည်းအဖြေရှာရတယ်၊ခေါင်းတွေကုတ် စာရွက်ကို မျက်လုံးအပြူးသားနဲ့ ကြည့်နေလိုက်တာ သူငယ်ချင်းတွေဆို ကျွန်တော် အဖြေထုတ်နေရင်းရူး သွားပြီလို့တောင်ထင်တြတာ၊အခုတော့ ၂စက္ကန့်တောင်မကြာဘဲ အဖြေထုတ်နိုင်ပါပြီ သားသားစွမ်းလို့မဟုတ်ပါဘူး ဒီဆော့လ်ဝဲလ်လေးစွမ်းလို့ပါ..ဟီး ဟီး၊ ကဲ စွမ်းလေးကိုဒေါင်းလိုက်ကြစို့

Ultra ISO virtual drive

http://www.mediafire.com/?p3a79lqf5pyur1s

Easy Gif Animator 5

Easy Gif Animator 5
size : 5.88 Mb

Easy Gif Animator အကြောင်းမပြောခင် Gif ဖိုင်အကြောင်းပြောပါရစေ၊Gif =Graphic Interchange Format (file extension) ဂရပ်ဖစ်အသားပေးဖိုင်လို့ ဘာသာပြန်ရမလားပဲ၊အား... ရှင်းကမှ ရှုပ်ကုန်ပြီ။Gif ဖိုင်ဆိုတာဗျာ....ရုပ်ရှင်ဖိုင်အသေးစားလေးလို ပုံလေးတွေအသက်ဝင်နေတဲ့ပုံဗျာ။ဒီတော့ အဲဒီလို ဖိုင်လေးတွေ လုပ်ယူမယ်ဆို အခု ဆော့ဝဲလ်လေးနဲ့ မိတ်ဆက်ပေးပါရစေ သူကတော့ Easy Gif Animator လို့ခေါ်ပါတယ်။ ဒီ ဆော့ဝဲလ်နဲ့ Gif ဖိုင်လုပ်ဖို့ ပုံလေးတွေကလိုပါတယ်။ ဒီနေရာမှာတော့ WebCam Chat သုံးတဲ့ဆရာတွေက တပန်းသာသွားပြီဗျ ၊ဘာလို့လည်းဆိုတော့ ကုန်ကြမ်းကို ဝေးဝေးလံလံရှာစရာမလိုလို့ပဲ၊ကောင်မလေးနဲ့စကားပြောရင်း သူလေးရဲ့ ရယ်ဟန်၊ပြုံးဟန်လေးတွေကို
တဖျတ်ဖျတ်နဲ့ဆက်တိုင် Take a Photos ယူရုံပဲဗျာ၊အရယ်အပြုံးပုံလေးတွေကို ဆက်တိုက်ဆက်တိုင်ယူနိုင်လေ ကိုယ်ရဲ့ Gif ဖိုင်က ပိုအသက်ဝင်လေဆိုပါတော့ဗျာ
ရထားတဲ့ပုံတွေကို တလွဲအသုံးမချကြပဲ..အခု ဆော့ဝဲလ်လေးရဲ့ Add a Photo နေရာမှာပုံလေးတွေထည့်ပြီး ၊ Gif ဖိုင်လေးလုပ်ယူနိုင်ပါပြီ။ဆော့ဝဲလ်ရဲ့ ခလုပ်တွေအကြောင်းရှင်းပြတာထက် ကိုယ်တိုင်စမ်းသပ်ကြည့်တာပိုပြီးမှတ်မိမှာမို့ မရှင်းပြတော့ဘူးနော်၊ Easy Gif Animator 5 ကို အောက်မှာ ဒေါင်းယူပါ။
ခရက်ဖိုင်လည်းထည့်ထားပါတယ်/

Ultra ISO virtual drive

http://www.mediafire.com/?sd9qqcx9ulhee5i

ခရက်ဖိုင်ဖြည့်နည်း (basic users) များအတွက်
/**To Slove Crack [Not For Advaced Users]/

Software ကို Setup လုပ်ပြီးပါက၊ Easy Gif Animator ဆော့ဝဲလ်အား ခဏပိတ်လိုက်ပါ။
Crack Folder ထဲရှိ egifan.exe ဖိုင်လေးကို C:\Program Files\Easy GIF Animator ထဲသို့ Copy ကူးထည့်လိုက်ပါ၊ replace လုပ်ရမလားမေးလျှင် Yes အတည်ပြုပေးလိုက်ပါ။ထို့နောက် Desktop ပေါ်ရှိ Easy Gif Animator ကို run လိုက်ပါ။ Activate လုပ်ရန် အတွက် crack folder ထဲရှိ notepad တွင်ရေးထားသော serial key ကို Activate ခလုပ်အားနှိပ်လျှင်ပေါ်လာသော အကွက် ထဲ ကူးထည့်လိုက်ပါက Full version ဖြစ်သွားပါလိမ့်မယ်။

Wednesday, April 4, 2012

How to make blog [beta version]

ဘယ်လော့တစ်ခု ဘယ်လိုလုပ်မလဲ အခြေခံတွေရေးထားတဲ့*.jpg ဖိုင်များပါ [beta version]
size : 12.9 Mb


အခြေခံမှ တကဲ့ အခြေခံကို ရေးထားတာပါ ။အလွယ်ဆုံးနဲ့ အရှင်းဆုံးပုံစံဖြစ်အောင်လို့ပါ။90%လောက် ပြီးတာမို့လို beta version အနေနဲ့ပဲ ရှိအုန်းမှာပါ..ယခု Jpg ဖိုင်ပါ အကြောင်းအရာများကို လိုအပ်သလို ပြင်ဆင် အသုံးချနိုင်ပါတယ်။
ထပ်မံဖြည့်သွင်း ဖော်ပြအုန်းမှာပါ...

Ultra ISO virtual drive


http://www.mediafire.com/?wfchbc12og2817x

Fortess game ခဲဖြင့်ပေါက်ရသော flash game

Fortess game ခဲဖြင့်ပေါက်ရသော flash game
size : 913 KB






ကိုယ်စက်ကို memory လည်းမစား၊ပေါ့ပေါ့ပါးပါး၊ဟာသဆန်ဆန်ကစားလို့ရတဲ့ ဂိမ်းလေးပါ။ကောင်လေးနဲ့ကောင်မလေး
အပြန်အလှန်ဖိနပ်နဲ့ပေါက်၊ခဲနဲ့ပေါက်တမ်းကစားတဲ့ဂိမ်းပါ၊2 ယောက် ပြိုင်ကစားနိုင်သလို ကွန်ပျုတာနဲ့ပြိုင်နိုင်ပါတယ်။မနိုင်လောက်ဘူးထင်ရင် Power တွေကိုပါသုံးနိုင်ပါတယ်။ယူဆော့ကြည့်ပါအုန်း...

Fortess game

http://www.mediafire.com/?f94owf96qccf1bj

Sunday, March 25, 2012

Angry Birds Space စိတ်တိုနေတဲ့ဌက်ကလေး

Angry Birds Space စိတ်တိုနေတဲ့ဌက်ကလေး
size : 32.1 MB



Angry Birds ဆိုတာနဲ့ကလေးလူကြီးမရွေးသိကြတဲ့ ပေါ်ပြူလာဖြစ်တဲ့ဂိမ်းလေးပါ။Angry Birds ဂိမ်း ဆော့ရတာအားမရကြလို့ အပြင်မှာပါ Angry Birds အကျီ၊ဦးထုတ်၊cozy ခေါင်းစွပ်အနွေးထည် ဖုန်းကာဗာ wallpaper Screen Paper ပါ ဒီဇိုင်းထုတ်ကြ ၀ယ်ကြ ၀တ်ကြတဲ့အထိပါအောင်မြင်နေပါတယ်။ အခု ဂိမ်းကတော့ ပထမ လောက်လေးခွကို ကမ္ဘာထဲမှာ ပစ်တာအားမရကြလို့ အခု အာကာသထဲမှာပါ ထွက်ပစ်ကြဖို့ နှိုးဆော်ထားတဲ့ဂိမ်းပါ။ကိုင်း ကိုယ်လည်း လက်မနှေးပဲ၊ပစ်ကြရအောင်....

Ultra ISO virtual drive

/***ဒါနဲ့ စကားမစပ် Angry Birds ကို Produce ထုတ်တဲ့ software Developer/company က အရင်က AgBirds မတိုင်ခင် ဂိမ်းတွေမြောက်မြားစွာထုတ်ခဲ့ပါသတဲ့၊ အဲဒီဂိမ်းတွေတုန်းက မအောင်မြင်ဖြစ်ရပေမဲ့ အခု ဂိမ်းကတော့ တအားအောင်မြင်သွားပါပြီ။ဒါကြောင့် "လှံထမ်းလာတာမြင်ရပေမဲ့ ကံထမ်းလာတာမမြင်ရဘူး" ဆိုတဲ့စကားပုံ မှန်နေပြီပေါ့ဗျာ။**/

ကိုယ်စိတ်ကြိုက် Screen Saver လေးလုပ်ကြစို့

ကိုယ်စိတ်ကြိုက် Screen Saver လေးလုပ်ကြစို့
size: 1.40 MB

Screen Saver ဆိုတာကတော့ ကိုယ်သုံးတဲ့စက်(ကွန်ပျူတာ) Idle ဖြစ်ချိန်မှာ ဒါမှမဟုတ် screen saver လေး Run ထားချိန်မှာ ပုံလေးတွေတစ်ခုပြီးတစ်ခုပြောင်းနေတာကို ဆိုလိုတာပါ။Screen Saver နဲ့ပတ်သတ်တဲ့ဆော့ဝဲလ်တွေကတော့ အင်တာနက်ထဲမှာ အများကြီးပါ။အခု ကျွန်တော်ပြောပြမဲ့ Software လေးကတော့ Photo Screen Saver Maker ပါ။သူကတော့ကိုယ်စိတ်ကြိုက်ပုံတွေ၊သီချင်းတွေနဲ့ screensaver လုပ်ဖို့အတွက်ပါ။ကိုယ်စိတ်ကူးနဲ့ကိုယ် အမျိုးမျိုးလက်တွေ့စမ်းသပ်အသုံးချနိုင်ပါတယ်။သူငယ်ချင်းတွေခင်မင်သူတွေကိုလည်း ကိုယ်စိတ်ကြိုက်လုပ်ထားတဲ့ Screen Saver လေးတွေ ပြန်ပြီးဝေမျှနိုင်တာပေါ့၊ကဲ စလိုက်ကြစို့ လွယ်ပါတယ်။

Image and video hosting by TinyPic

ပုံမှာ နံပါတ်လေးတွေတပ်ထားပါတယ်။ 1 ကတော့ general ပါ ကိုယ်စိတ်ကြိုက် Sceen Saver အမည်ကို 6 နေ၇ာမှာရေးလို့ရပါတယ်။

2 နေရာကတော့ အဓိကအကျဆုံး၊ ကိုယ် Screen Saver ကို ကိုယ်နှစ်သက်တဲ့ပုံတွေထည့်ဖို့ အပိုင်းပါ ၊ 2 Tab ကို နှိပ်လိုက်ရင် ဆော့ဝဲလ်ရဲ ညာဘက်မှာ အပေါင်း ၊အနုတ်၊ အပေါ် ၊အောက် ခလုပ်လေးတွေပါပါတယ်။အပေါင်းကတော့ ကိုယ်နှစ်သက်တဲ့ ဖိုင်(photo) ကို ထည့်ဖို့ပါ မကြိုက်ရင် အနုတ်နဲ့ ပြန်ဖျက်ပေါ့၊အပေါ်အောက်ခလုပ်တွေကတော့ ရှင်းပါတယ်၊ပေါင်းထည့်ထားတဲ့ပုံတွေကို ပထမဆုံးဘာပုံ၊ဒုတိယ ဘာပုံ စသည့်ဖြင့် Arrangement စီဖို့ပါ။